။ နှလုံးအိမ်နေ့ ။

။ မိသားစုတစ်စုဖြစ်လာရင်ယုံကြည်မှုအားနဲ့တည်ဆောက်ထားကြတယ်။ ။ မေတ္တာတရားနဲ့သစ္စာတရားတည်ထားကြတယ်။ ။ ဒီတရားနှစ်ပါးထဲကတစ်ပါးပါးအားလျော့လာရင်မိသားစုဟာမိလည်းတစ်ခြားသားတစ်ခြားဖြစ်ကြပြီးတစ်သားတစ်စုတည်းကတစ်မိတစ်စုတည်းကနေကွဲပြားနေကြပြီးတော့ကြေကွဲရာအဖြစ်ဖြစ်သွားကြတဲ့မိသားစုတွေအများကြီးပါပဲ။ ။ အခြေခံမခိုင်တာရယ်အမျိုးမျိုးဉာဏ်ပညာရယ်နည်းစနစ်ရယ်နည်းပညာရယ်နည်းပြဆရာရယ်အစစအရာရာတွေရယ်မပြည့်စုံမကုန်လုံလို့ရယ်ကြောင့်မိသားစုကောင်းဘဝနဲ့မတည်ဆောက်နိုင်ကြဘဲကြွေရက်တွေစောကြရဲ့ဘဝရှင်တွေများနေကြသလားပါပဲ။ ။ ရှိသမျှနဲ့ဖြစ်သမျှဖြစ်ကြရတဲ့အဖြစ်ပုံအပန်းပုံတွေကပန်းမစုံတဲ့ညအကြမ်းပုံတဲ့ဘဝနှယ်လောကအလယ်မှာကြယ်မသန်းတဲ့ညတစ်ညပမာလိုဒီအဖြစ်ရသူတိုင်းရင်တမမနှလုံးမလှမပအလှမဲ့ဘဝလေးနဲ့ဝေးခဲ့ကြရတဲ့မိသားစုတွေလောကမှာမရှားပါဘူးလေ။ ။ အထင်နဲ့အမြင်အကြင်နဲ့အခင်လွှင့်ပျောက်နေကြတဲ့လူတို့သရုပ်ကွဲတွေဟာမရဲဘဝအမွဲဆေးဖော်ရတဲ့သူတို့ရဲ့မိသားစုအကြောင်းကိုဆုတောင်းခါခါပြုပေးနေလည်းမေတ္တာခါခါ ပို့ပေးနေလည်းတိမ်ကွယ်လညပမာလားပေါ့​ညှိုးနွမ်းလို့ညှိုးငယ်ကြရသူတွေလေ။ ။ ဘဝမှာတစ်ခါသာလူလာဖြစ်ရင်တစ်ခါသာခန္ဓာရရင်တစ်ကြိမ်သာမဂ်ပညာရရင်ဝမ်းသာပါပြီဆိုတာသူတို့တွေ မသိလိုက်ကြဘူး။ ။ သည်နေ့တော့ကိုယ့်ရဲ့မိသားစုအကြောင်းကိုတွေးနေရင်းနဲ့အတိတ်ကာလကအကုသိုလ်ကိုအပြစ်မဆိုတော့ပါဘူးပစ္စက္ခဘဝရဲ့အကုသိုလ်ကံသည်ကိုသာအပြစ်မဖြစ်အောင်ဆင်ခြင်အောက်မေ့နေပါတော့မယ်သည်နေ့ကျွန်ုပ်ရဲ့နှလုံးအိမ်နေ့ပါပဲ။ ။ တစ်နေကွယ်တစ်နေနယ်ကိုမရောက်ချိန်မှာတစ်နေရာမှာသင့်သာတရားရှိပါစေ။ ( အားဆေးပေးပါသည်။)ဘုန်းသစ်ထူး ( ဘားအံ )( ၂၄.၈.၂၀၂၂) ရက်နေ့ ညချမ်းချိန်။)